- မေး ။ ။ မတီးဘဲနှင့် မြည်
- ဖြေ ။ ။ မိုးခြိမ်းသည်
- မေး ။ ။ သူ၏ကိုယ်ဟန် ငှက်သဏ္ဍာန် ပျံလေငြားဘိ သက်မရှိ
- ဖြေ ။ ။ စက္ကျူနှင့်လုပ်သော စွန်
- မေး ။ ။ ဆေးမခြယ်ဘဲ ညိုမည်းသည်
- ဖြေ ။ ။ မိုးရိပ်ဆင်သည်
- မေး ။ ။ ပုပုနီနီ သူ့အမည်လူမသိ ဓမ္မသတ် ကျမ်းကိုကြည့်
- ဖြေ ။ ။ ကြမ်းပိုး
- မေး ။ ။ အသက်ဗလာ ငှက်ပမာ လေမှကျက်စား သူပျော်ပါး
- ဖြေ ။ ။ စက္ကူနှင့်လုပ်သော စွန်
- မေး ။ ။ မမလေးစိုက်ပျိုး ပန်းမျိုးတဲ့ ဆယ့်နှစ်ပင် တစ်ပင်လျှင်လေးခိုင်ထွက် မွှေးချက်ကယဉ်
- ဖြေ ။ ။ တစ်နှစ် ဆယ့်နှစ်လ လေးသီတင်း
- မေး ။ ။ နေ့ပိန် ညဖောင်း
- ဖြေ ။ ။ ခြင်ထောင်
- မေး ။ ။ အစားလဲကောင်း အဟောင်းလဲပစ် အသစ်လဲရှာ တိုင်းသူပြည်သားချစ်စရာ
- ဖြေ ။ ။ ဆန်ကြိတ်သောဆုံ
- မေး ။ ။ စွေ့စွေ့ခုန် ယုန်မဟုတ် ကြိုးတန်းလျှောက် မျောက်မဟုတ် ချာချာလည် ချားမဟုတ်
- ဖြေ ။ ။ ဂျင်
- မေး ။ ။ ဘုရားတည်စ ထိပ်ဖျားက ဌာပနာသွင်း အရင်းက
- ဖြေ ။ ။ ပိုက်ကွန်
မြန်မာစာ မြန်မာစကား
http://myanmarsar.zaung.net
http://myanmarsar.zaung.net


0 Comments Received
Post a Comment