- မေး ။ ။ ရေကန်ကလေးတွေကြည်ကြည် ဆူးပင်ကလေးတွေစီစီ
- ဖြေ ။ ။ မျက်လုံး
- မေး ။ ။ တောင်သုံးလုံးပေါ် အော်ပွင့်တန်းပန်း ဘာပန်းတဲ့လဲ
- ဖြေ ။ ။ ပြောင်းဖူးပေါက်ပေါက်
- မေး ။ ။ ဟိုဘက်ဘေးကဖြူဖြူ ဒီဘက်ဘေးကဖြူဖြူ အလယ်ဗဟိုက ရွှေမင်းသမီးကလေး
- ဖြေ ။ ။ ကြက်ဥ
- မေး ။ ။ တစ်နှစ်တစ်ခါ ပေါ်လို့လာ ၀ါဝါကတုံး လူးမမုန်း
- ဖြေ ။ ။ လိမ္မော်သီး
- မေး ။ ။ ပန်းသော်ကလို နေ့ညမဆို ဆင်စလိုသည်ဗဟိုရင့်ကျူး နာရီမှူး
- ဖြေ ။ ။ ကြက်
- မေး ။ ။ ငနက်ဖင် ငနီလျက်
- ဖြေ ။ ။ အိုးနှင့်မီး
- မေး ။ ။ မိုးလေချိန်သိ သစ်နန်းနေသည် ပညာရှိ
- ဖြေ ။ ။ တောက်တဲ့
- မေး ။ ။ ညီအစ်ကိုနှစ်ယောက် တရားပြိုင် အစ်ကိုနိုင်လိုက် ညီနိုင်လိုက်
- ဖြေ ။ ။ ယက္ကန်းယက်ခြင်း
- မေး ။ ။ ချာချာလယ် ချာလည်းမဟုတ် ကြိုးတန်းလျှောက် မျောက်လည်းမဟုတ်
- ဖြေ ။ ။ ပင့်ကူ
- မေး ။ ။ ဒီကနဲ့ပျံ ပိတုန်းသံ ၀ဲကနဲကျ ရွှေလင်းတ
- ဖြေ ။ ။ ချည်ငင်ခြင်း
မြန်မာစာ မြန်မာစကား
http://myanmarsar.zaung.net
http://myanmarsar.zaung.net


0 Comments Received
Post a Comment